Main menu

ဆိပ်ဖြူမြို့တွင် ဇန်နဝါရီ(ပထမပတ်)အတွင်း အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး စားသုံးဆန်ဖူလုံမှုမရှိ၍ အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်များဝယ်ယူတင်သွင်းရသော ဒေသဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရှောက်တော၊ တောင်တွင်းကြီးနှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ မြန်အောင်ဒေသများမှ ကုန်းလမ်းကြောင်းဖြင့် ဆိပ်ဖြူမြို့သို့ ဝင်ရောက်လျက်ရှိပါသည်။

    ဆိပ်ဖြူဒေသတွင် ဆန်များဝယ်ယူစားသုံးရပြီး ဆန်ထွက်ရှိရာဒေသများမှလည်း ဆန်ဈေးနှုန်းအနည်းငယ်မြင့်တက်၍ ဆိပ်ဖြူမြို့၊ ဆန်ဈေးကွက်တွင်လည်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းတွေ့ရှိရသည်။

 ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများမှာ ဒေသတွင်း စားသုံးမှုများသော ဧရာပဒေသာဆန်(ဆင်ဖြူကျွန်း) တစ်အိတ်လျှင် ကျပ်(၁၄၆၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ) တစ်အိတ်လျှင် ကျပ်(၁၂၀၅၀၀)၊ ဧရာပဒေသာပေါ်ဆန်းရော(ထူးရှယ်) တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ရာပြည့်ဖန်သီးတစ်အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ရွှေဝါထွန်း (မြောင်းမြ) ဆန်အသစ်တစ်အိတ်လျှင် ကျပ်(၇၈၀၀၀)၊ မနောသုခ(ဆင်ဖြူကျွန်း) တစ်အိတ်လျှင် ကျပ်(၁၂၆၀၀၀)၊ မနောသုခ (မြောင်းမြ) တစ်အိတ်လျှင် ကျပ်(၉၁၀၀၀)၊ ဆင်းသုခ(ဆင်ဖြူကျွန်း) တစ်အိတ်လျှင် ကျပ်(၁၁၂၀၀၀)၊ ဆင်းသုခ(မြောင်းမြ) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒုတိယစားသုံးမှုအများဆုံးဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၈၁၀၀၀)၊ သိင်္ဂီပေါ် ဆန်းတစ်အိတ်လျှင် ကျပ်(၁၂၁၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဇန်နဝါရီ(ပထမပတ်)တွင် ယခင်ဒီဇင်ဘာလ(စတုတ္ထပတ်)ထက် ဆန်တစ်အိတ်လျှင် ကျပ်(၁၀၀၀) ခန့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေးဈေးကွက်မှသိရှိရသည်။

DOCA(မကွေး)