Main menu

စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးလုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

Powered by Drupal

        ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးလုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

            ယင်းအစည်းအဝေးတွင်စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၊ ဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စားသုံးဆီတင်သွင်းခွင့် Quota သတ်မှတ် ထားရှိမှု၊ သွင်းကုန်လိုင်စင်ထုတ်ပေးမှုနှင့် အမှန်တင်သွင်းရောက်ရှိမှု အခြေအနေ များနှင့် ကျန်းမာရေး ညီညွတ်ပြီးဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ ကို အကောင်အထည် ဖော်ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်းချပြ ဆွေးနွေးခြင်း၊ စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၊ ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဌက အကောင်ထည်ဖော် ဆောင်ရွက်ရမည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးခြင်း၊ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ ဒုတိယဥက္ကဌ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာက ဈေးကွက်အတွင်းဖြန့်ဖြူးမည့်ဆီများအား စစ်ဆေးမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ထို့နောက် တက် ရောက်လာသည့် ကော်မတီဝင်များမှ တင်ပြချက်များအပေါ် ဖြည့်စွက်၍ ဆွေးနွေးခြင်း၊ တက်ရောက်လာသည့်ကော်မတီဝင်များက အထွေထွေဆွေးနွေးခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီ များ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အတည်ပြု ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေး တွင် ဖိတ်ကြားထားသောကော်မတီဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိ သူများစုစုပေါင်း (၇၅)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)