Main menu

တရုတ်နိုင်ငံ၏ ၂၀၂၃ခုနှစ်၊ နိုင်ငံခြားကုန်သွယ်မှုမှာ မျှော်မှန်းထားသည်ထက် ပိုမိုကြီးထွားလာ

Powered by Drupal

     တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများကုန်သွယ်မှုမှာ တစ်နှစ်ထက်တစ်နှစ် (၀.၂) ရာခိုင်နှုန်းတိုးပွားလာပြီး ပမာဏအားဖြင့် ၂၀၂၃ခုနှစ်တွင် ယွမ် (၄၁.၇၆) ထရီလီယံရှိကာ မျှော်မှန်းထားသည်ထက် ပိုမိုခဲ့ကြောင်းသိရပါသည်။ နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် တည်ငြိမ်စွာတိုးတက်ကြီးထွားမှုနှင့် အရည်အသွေးတိုးတက်မှုတို့ရရှိခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဆိုအရသိရပါသည်။

   ပို့ကုန်ကဏ္ဍတွင် (၂၃.၇၇) ထရီလီယံယွမ်ဖြင့် (၀.၆) ရာခိုင်နှုန်းတိုးတက်လာပြီး သွင်းကုန်ကဏ္ဍတွင် (၁၇.၉၉) ထရီလီယံယွမ်ဖြင့် (၀.၃) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရှိရပါသည်။ တရုတ်နိုင်ငံ၏ BRI အစီအစဉ်တွင်ပါဝင်သည့် မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ၂၀၂၃ခုနှစ်တွင် (၁၉.၄၇) ထရီမီယံယွမ်ဖြင့် (၂.၈) ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့နှင့် စတုတ္ထ ၃လပတ်ကာလ ကုန်သွယ်မှုမှာလည်း ပြန်သွက်လာခဲ့ကြောင်းသိရပါသည်။ ၂၀၂၂ခုနှစ်တွင် စတင်သက်ရောက်ခဲ့သည့် (RCEP) ဒေသတွင်းကျယ်ပြန့်သော စီးပွားရေးမိတ်ဖက် အဖွဲ့၏ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်သည် တရုတ်နိုင်ငံနှင့် အခြားအဖွဲ့ဝင် ၁၄နိုင်ငံတို့အကြား ကုန်သွယ်မှုကုန်ကျစရိတ်များလျှော့ချနိုင်ရန်နှင့် ကုန်သွယ်မှုကို မြှင့်တင်ရန် ကူညီပေးခဲ့ကြောင်းသိရပါသည်။

     တရုတ်နိုင်ငံနှင့် RCEP အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုပမာဏမှာ ၂၀၂၃ခုနှစ်တွင် (၁၂.၆) ထရီလီယံရှိခဲ့ပြီး သဘောတူညီချက်မစတင်သေးသည့် ၂၀၂၁ခုနှစ်မှစ၍ (၅.၃) ရာခိုင်နှုန်းတိုးတက်လာကြောင်းသိရပါသည်။

DOCA(ရန်ကုန်)