Main menu

အမြင့်ဈေးဖြင့် စတင်ဝင်ရောက်လာသည့် ရွှေဘိုပဲစဉ်းငုံ

Powered by Drupal

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဇန်နဝါရီလ၊ ဒုတိယပတ်တွင် ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်လာကြောင်း၊ ယခုဇန်နဝါရီလ ဒုတိယအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၁၁၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်း အဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/(၈၈)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံ(ဖြူ)တစ်တင်းလျှင်(၁၀၃၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း ရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/(၅၉)တန်ဖြစ်ကြောင်း၊ ယခုနှစ်နှင့် ယခင်နှစ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်၌ ပဲစဉ်းငုံ(ဖြူ)တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၅၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် ပဲစဉ်းငုံ(ဖြူ) တစ်တင်းလျှင်(၉၇၅၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)