Main menu

(၉-၁-၂၀၂၄) ရက်နေ့မှ (၁၅-၁-၂၀၂၄) ရက်နေ့ထိ လှိုင်မြို့နယ်၊ ရွှေပိတောက်ငါးဈေးအတွင်းရှိ ငါးဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၃-၁-၂၀၂၄) ရက်နေ့မှ (၈-၁-၂၀၂၄) ရက်နေ့အထိ ဝင်ရောက်ခဲ့သောရေချိုငါးများမှာ ငါးမြစ်ချင်းတစ်ပိဿာလျှင် အနိမ့်ဆုံး ၅၅၀၀ကျပ်မှ အမြင့်ဆုံး ၇၅၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်၊ ငါးခေါင်းပွတစ်ပိဿာလျှင် ၅၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာ ၁၇၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ကကတစ်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ငါးနုသန်းတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ငါးဖီးမတစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၇၀၀၀ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာလျှင် ၃၈၀၀ကျပ်မှ ၆၅၀၀ကျပ်၊ ငါးခုံးမတစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ပုစွန်(ကျော့) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်၊ ပုစွန်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်၊ ငါးမျက်ကြယ်တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၅၀၀၀ကျပ်၊ ပီဇာတစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၅၅၀၀ကျပ်၊ ငါးနှပ်(အာဗြဲခြောက်) တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ကင်းမွန်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ပလာတူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၆၀၀၀ကျပ်၊ ရွှေငါးတစ်ပိသာလျှင် ၃၅၀၀ကျပ်မှ ၅၀၀၀ကျပ်၊ ပြည်ကြီးငါးတစ်ပိဿာလျှင် ၂၈၀၀၀ကျပ်မှ ၃၅၀၀၀ကျပ် စသည့ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း ရွှေပိတောက်ငါးဈေးမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)