Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    အင်းစိန်မြို့နယ်၊ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့မှ ဇန်နဝါရီလ(၁၆)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၈၀၀မှ ၁၆၀၀) အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)လျှင် ကျပ် (၅၀၀မှ ၁၅၀၀) အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၄၀၀မှ ၁၈၀၀) အတွင်း၊ အာလူး(ပိဿာ)လျှင် ကျပ် (၂၇၀၀မှ ၃၀၀၀) အတွင်း၊ မုန့်လာဥနီ(ပိဿာ) လျှင် ကျပ် (၄၀၀၀မှ ၄၅၀၀) အတွင်း ရွှေဖရုံသီး(တစ်လုံး)လျှင် ကျပ် (၁၈၀၀မှ ၅၄၀၀) အတွင်း၊ ဗူးသီး(တစ်လုံး)လျှင် ကျပ် (၁၀၀၀မှ ၁၅၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)(တစ်ပိဿာ)လျှင် ကျပ် (၁၅၀၀မှ ၁၈၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၇၀၀မှ ၃၅၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(တစ်ပိဿာ)လျှင် ကျပ် (၁၅၀၀၀မှ ၁၇၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ကျပ် (၉၀၀၀မှ ၁၀၀၀၀) အတွင်း၊ ချင်း(တစ်ပိဿာ)လျှင် ကျပ် (၃၅၀၀မှ ၄၅၀၀) အတွင်း၊ ဆလပ်ရွက် (တစ်စည်း)လျှင် ကျပ် (၂၅၀မှ ၄၀၀) အတွင်း၊ ချဉ်ပေါင်ရွက်(တစ်စည်း)လျှင် ကျပ် (၈၀မှ ၁၂၀) အတွင်း၊ ခရမ်းသီး  (ရှည်) (တစ်ပိဿာ)လျှင် ကျပ် (၈၀၀မှ ၁၆၀၀) အတွင်း၊ သံပရာသီး(တစ်လုံး)လျှင် ကျပ် (၅၀မှ ၁၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (တစ်ပိဿာ) လျှင် ကျပ် (၁၃၀၀မှ ၂၃၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၃၅၀၀မှ ၈၅၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၈၀၃၂၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၁၇၉၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၀၀၇၄) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၄၉၂၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၆၅၄၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၅၀၈၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း (၅၁၁၉)ကျော်၊ ဖရဲသီးလုံးပေါင်း (၃၇၄၀၀) ကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)