Main menu

တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ပဲစဉ်းငုံစျေးကောင်းလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ငမင်ကျေးရွာ၊ ဆိပ်ဖူးကျင်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ အင်းရွာကြီးကျေးရွာတို့တွင် ပဲစဉ်းငုံများ စိုက်ပျိုးလျက်ရှိပြီး တောင်တွင်းကြီးမြို့ရှိ ကုန်သည်များထံသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ပဲစဉ်းငုံ(၁)တင်းလျှင် ကျပ်(၆၅၀၀၀)ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ပဲစဉ်းငုံ(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀) ဖြစ်၍ ကာလတူ နှစ်(၂)နှစ်ကို နှိုင်းယှဉ်ပါက ယခုနှစ် ဇန်နဝါရီလ(ဒုတိယပတ်)တွင် ပဲစဉ်းငုံ(၁)တင်းလျှင် ကျပ်(၄၅၀၀၀)စျေးတက်ကာ အရောင်းအဝယ်ဖြစ်၍ ယခင်နှစ်ထက် ယခုနှစ်တွင် တစ်ဆပို၍ စျေးကောင်းပိုမိုရရှိသဖြင့် ပဲစဉ်းငုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)