Main menu

တစ်ပွင့်ထိုးဂန္ဓမာများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုလုပ်ငန်း

Powered by Drupal

    မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာ၊ ဥယျာဉ်ခြံမြေအတွင်း၌ ပန်းများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ပေါင်ဆွဲစိုက်ပျိုးပြီး ယခုအချိန်တွင် ဂန္ဓမာပန်းများကို ပိုမိုစိုက်ပျိုးကြပါသည်။ လှပဒါးကျေးရွာတွင် စုစုပေါင်း (၅)ဧကခန့်စိုက်ပျိုးထားပြီး ဈေးကွက်မှာ ခြံတွင် ရောင်းချခြင်းနှင့် မှော်ဘီဈေးနှင့် ထောက်ကြန့်ရတနာဈေးတို့တွင် ပြန်လည်ရောင်းချခြင်းတို့ရှိပါသည်။

     ပျိုးပင်များကို တောင်ကြီးမြို့မှမှာယူရပြီး တစ်ပင်လျှင် (၁၄)ကျပ်နှုန်းကျသင့်၍ (၃)လတစ်ကြိမ် ရာသီအလိုက် စိုက်ပျိုးခဲ့ပြီး ကျောက်စိမ်းမျိုးကို (၄)လတစ်ကြိမ်နှင့် တစ်ပွင့်ထိုးဂန္ဓမာကိုမူ (၃)လတစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ တစ်ပွင့်ထိုးဂန္ဓမာစိုက်ပျိုးရာတွင် တန်းအလိုက် မီးထွန်းပေးရကြောင်း၊ စံပယ်ဖြူမျိုးနှင့် စံပယ်ဝါမျိုးတို့ကို (၄)လတစ်ကြိမ်စီ အသီးသီးစိုက်ပျိုးကြပါသည်။ အဖူးအပွင့်အားဆေးအဖြစ် Foltron (ဖော်တရွန်)အားဆေးကို  ပန်းသက်တမ်းအရ (၃)ကြိမ်ဖြန်းပေးရကြောင်းနှင့် အမြတ်အစွန်းအနေဖြင့် (၃:၁)ပုံသာမြတ်ကြောင်း ဈေးရောင်းချပန်းစိုက်ပျိုးသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)