Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျေးလက်နေပြည်သူများသည် တံမြက်စည်းပင်များကို စတင်ခုတ်ယူနေ

Powered by Drupal

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသဖြစ်သော မိုင်းဆတ်၊ မိုင်းယောင်း၊ တာချီလိတ်၊ မိုင်းဖြတ်မြို့နယ်တို့တွင် တောတောင်များအတွင်း သဘာဝအလျောက်ပေါက်ရောက်သော တံမြတ်စည်းပင် များကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် စတင်ခုတ်ယူနေကြပြီဖြစ်ပါသည်။

     တံမြက်စည်းပင်များကို ထိုင်းနိုင်ငံသို့တင်ပို့ရန်နှင့် အိမ်သုံးတံမြက်စည်းပြုလုပ်ရန်အတွက် အဓိကခုတ်ယူကြသည်။ တံမြက်စည်းပင်များကို နှစ်စဉ် ဇန်နဝါရီလမှ မတ်လအတွင်း ခုတ်ယူရရှိပါသည်။ ယခင်နှစ်တွင် ခုတ်ယူရရှိထားသော တံမြက်စည်းပင်များကို နေလှန်းပြုပြင်ပြီး တံမြက်စည်းပြုလုပ်ရောင်းချရာတွင် တံမြက်စည်းတစ်ချောင်းလျှင် ကျပ်(၂၀၀၀)မှ ကျပ်(၂၅၀၀)ထိရရှိပြီး တံမြက်စည်းမွှေးကို အဝယ်ဒိုင်သို့ရောင်းချပါက တစ်ကီလိုလျှင် ကျပ်(၂၅၀၀)မှ ကျပ်(၄၅၀၀)ထိရရှိခဲ့ပါသည်။

   ယခုနှစ်တွင် တာချီလိတ်မြို့နယ်ရှိ တံမြက်စည်းအဝယ်ဒိုင်များသည် တံမြက်စည်းမွှေးအခြောက်တစ်ကီလိုလျှင် ကျပ်(၂၅၀၀)ဖြင့် စတင်ဝယ်ယူနေကြသောကြောင့် ကျေးလက်နေပြည်သူများမှာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် တံမြက်စည်းပင်များကို စတင်ခုတ်ယူကာ နေလှန်းပြုပြင်နေကြပြီဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)