Main menu

ပျော်ဘွယ်မြို့နယ်၊ ကျေးရွာများတွင် ခရမ်းချဉ်(ဆောင်းသီး)များ စိုက်ပျိုးအောင်မြင်လျက်ရှိ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်များသည် (၁၆-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၀း၀၀) နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်ရှိ ကြို့ကုန်း၊ သပြေရိုး၊ သီးကုန်းနှင့် မင်းရွာရှိ ခရမ်းချဉ် (ဆောင်းသီး) စိုက် ဒေသခံတောင်သူများနှင့်သွားရောက်တွေ့ဆုံခဲ့ပါသည်။

     အဆိုပါကျေးရွာများတွင် ခရမ်းချဉ် (ဆောင်းသီး) စိုက်ပျိုးတောင်သူ (၁၀) ဦးခန့်ရှိပြီး  ဧက (၂၀) ခန့်အောင်မြင်စွာစိုက်ပျိုးထားသည်ကိုတွေ့ရှိရပါသည်။ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ် လဆန်းတွင် ခူးဆွတ်ရကြောင်း၊ ရွှေဖရုံမျိုးများကို အများဆုံးစိုက်ပျိုးထားကြောင်း၊ အရင်းအနှီးနည်းပြီး အချိန်တိုအတွင်း ငွေရလွယ်သော သီးနှံဖြစ်သည့်အတွက် အများအားဖြင့် နှစ်စဉ်ပုံမှန်စိုက်ပျိုးကြကြောင်းသိရပါသည်။ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ သွင်းအားစုစရိတ်၊ လုပ်သားခစရိတ်လုံးပေါင်းအပါအဝင် တစ်ဧကကုန်ကျစရိတ်မှာ (၂၅၀၀၀၀) ခန့်သာကုန်ကျကြောင်း၊ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း (၅၀၀) ပိဿာခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်ဈေးနှုန်းမှာ (၇၀၀မှ ၁၅၀၀) ကျပ်ဖြင့်ရောင်းချခဲ့ရပြီး ပျှမ်းမျှအားဖြင့် (၁၀၀၀) ကျပ်ဈေးနှုန်းဖြင့်ရောင်းချခဲ့ရကြောင်း၊ အထိုက်အလျောက် အကျိုးအမြတ်များရရှိခဲ့ကြောင်း၊ ယခုလက်ရှိ ခရမ်းချဉ်လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀မှ ၂၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူစားသုံးနေရကြောင်း၊ စိုက်ပျိုးထားသော ခရမ်းချဉ်သီးများပေါ်လာချိန်တွင် ဈေးကောင်းရရန်မျှော်လင့်မိကြောင်း၊ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်နှင့်အထက်ရရှိလျှင် တွက်ချေကိုက်ကြောင်း၊ ထွက်ရှိသောခရမ်းချဉ်သီးများကို ရွာအရောက် လာရောက်ဝယ်ယူသောပွဲစားများ၊ မြို့ပေါ်ရှိ ဒိုင်များသို့လည်း တင်ပို့ရောင်းချကြပါသည်။

    ခရမ်းချည် (ဆောင်းသီး) မှာ စိုက်ပျိုးအောင်မြင်ရန်လွယ်ကူခြင်း၊ ကုန်ကျစရိတ်နည်း၍ အကျိုးအမြတ်များများရရှိခြင်း၊ အချိန်တိုအတွင်း ငွေရလွယ်ခြင်း၊ ပြည်တွင်းစားသုံးမှုများသည့် အတွက် ဈေးကွက်မခက်ခဲခြင်း စသည့်အချက်များကြောင့် အခြားတောင်သူများအနေဖြင့်လည်း စိုက်ပျိုးသင့်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)