စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အများပြည်သူတို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်မြို့နယ်တွင် ဇန်နဝါရီလ (၁၄)ရက်နေ့ ၌လည်းကောင်း ရွှေတောင်မြို့နယ်တွင် ဇန်နဝါရီလ (၁၇)ရက်နေ့၌လည်းကောင်းနှင့် သဲကုန်းမြို့နယ်တွင် ဇန်နဝါရီလ (၁၉)ရက်နေ့၌လည်းကောင်း သက်ဆိုင်ရာမြို့နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပူးပေါင်းကာ Talk Show အစီအစဉ်များပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ Talk Show များတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူတို့၏ အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ပဲခူးတိုင်းဒေသကြီး