Main menu

ပြည်ရှောက်ရွက်နုနုဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ရှားပါးလာပြီဖြစ်သော ရှောက်ရွက်နုနုလေးများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ ရှောက်ရွက်သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည့် ဗီတာမင်စီ၊ ရှောက်မျိုးနွယ်ဝင်အပင်များတွင်ပါဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည့် ဗီတာမင် P အဓိကပါဝင်နေပါသည်။ ရှောက်ရွက်ကို ဟင်းခတ်အမွှေးအကြိုင်များတွင်လည်း အသုံးပြုလေ့ရှိပါသည်။ ရှောက်ရွက်မှာ အစားအစာတိုင်းလိုလိုတွင်တွေ့ရတတ်သည့် အမွှေးအကြိုင်တစ်ခုလည်းဖြစ်ပါသည်။ ယခင်မိုးဦးကျရှောက်ရွက်များပေါချိန်တွင် ရှောက်ရွက်တစ်စည်းလျှင် (၅၀-၁၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုရှောက်ရွက်ရှားပါးချိန်တွင် ရှောက်ရွက်တစ်စည်းလျှင် ၂၅၀ကျပ်မှ ၃၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်လာပါသည်။ ပြည်မြို့နယ်အတွင်း၌ ရောင်းချလျက်ရှိသော ရှောက်ရွက်များမှာ မြို့သစ်၊ ချောင်းနားတန်း၊ ဖိုးခေါင် စသည့် ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)