Main menu

ပြည်ခရိုင်တွင် စပါးဈေးနှုန်းများ ဆက်လက်မြင့်တက်

Powered by Drupal

   ပြည်ဈေးကွက်အတွင်း၌ မိုးစပါးဈေးနှုန်းများမှာ ဈေးကောင်းဆက်လက်ရရှိနေပါသည်။ ဒီဇင်ဘာလ နောက်ဆုံးပတ်အထိ စပါးဈေးနှုန်းမှာ ၄၆ပေါင်ပါ တင်း(၁၀၀)လျှင် ၁၉၃၀၀၀၀ကျပ်၊ ဆန်(၁၀၈)ပေါင်ပါ တစ်အိတ်လျှင် ၆၉၀၀၀ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုဇန်နဝါရီလတွင် စပါး ၄၆ပေါင်ပါ တင်း(၁၀၀)လျှင် ကျပ်သိန်း(၂၀) ကျပ်၊ ဆန်တစ်အိတ်လျှင် ၇၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။ ကရင်မနှင့် မှော်ဘီစပါးဈေးနှုန်းမှာ ယခုဇန်နဝါရီလတွင် ကျပ်သိန်း(၂၀)ကျပ်ဖြင့် ဈေးနှုန်းတူညီနေပါသည်။ ရတနာတိုး ထိုင်းနှံကောက်များစပါးများမှာအရောင်းအဝယ်မရှိတော့ဘဲ ဆန်တစ်အိတ်လျှင် ၆၈၀၀၀ကျပ်ဖြင့်သာအရောင်းအဝယ်ရှိနေပါသည်။ ဆင်းသွယ်ဆန်တစ်အိတ်လျှင် ၇၃၀၀၀ကျပ်၊ မနောသုခတစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်အတွင်း ရောင်းချနေပြီး ရိုးနီဆန် (အဟောင်း)တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။

      ဆန်ကွဲ Extra တစ်အိတ်လျှင် ယခင်၌ ၅၀၀၀၀ကျပ်၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် ၅၀၅၀၀ကျပ်၊ 234 တစ်အိတ်လျှင် ၄၈၀၀၀ကျပ်မှ ၄၈၅၀၀ကျပ်ထိဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ ပြည်မှ ရန်ကုန်သို့ ဆန်တင်ပို့ရောင်းချမှုမှာ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ၂၁၀၀အိတ်တင်ပို့ရောင်းချမှုရှိကြောင်းလည်းသိရပါသည်။ ဆန်စပါးဈေးနှုန်းဆက်လက်မြင့်တက်လာရခြင်းမှာ စပါးအဝယ်လိုက်လာခြင်းအတွက်ကြောင့်လည်းကောင်း၊ နွေစပါးမပေါ်သေးသည့် ကာလဖြစ်သောကြောင့်၊ ရိတ်ခြွေခစရိတ်မှာလည်း ယခင်နှစ်ထက် နှစ်ဆမြင့်တက်လာခြင်းကြောင့် စပါးဈေးနှုန်းများ ဆက်လက်မြင့်တက်လာရခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)