စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်နီလာဝင်းဦးဆောင်၍ ဝန်ထမ်း (၅) ဦးတို့သည် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်ရှိ အမှတ်(၁၂)၊ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်ကာ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၁၂)၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘုန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ရွှေ၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၊ ဌာန၏ဆောင်ပုဒ်၊ စားသုံးသူရရှိနိုင်သည့်အခွင့်အရေး (၈)ချက်နှင့် လိုက်နာရမည့်တာဝန် (၄)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာသိကောင်းစရာ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အစားအသောက်များကိုသာရွေးချယ်ဝယ်ယူရန်၊ သက်တမ်းလွန်အစားအစာနှင့် ခွင့်မပြုဓာတုဆိုးဆေးများအသုံးပြုထားသော အစားအသောက်များကိုရှောင်ကြဉ်ရန်၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်အလို့ငှာ တိုင်ကြားမှုနည်းလမ်းကိုလည်းရှင်းလင်းဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦး၊ ဆရာ/ဆရာမ (၁၃)ဦး၊ စုစုပေါင်း (၂၆၃)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)