ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုသည် စိုက်ပျိုးရေး၊ စည်ပင်၊ အခွန်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် သိုက်ဝါးချောင်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စု၊ မကျီးကွင်းကျေးရွာအုပ်စုများသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာ၌ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲသီးနှံများစိုက်ပျိုးမှုတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် အထွက်ကောင်းမျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးရန်နှင့် စပါးစိုက်ပျိုးရာတွင် မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်းမပြုလုပ်ဘဲ အစေ့ချတိုက်ရိုက်စိုက်ပျိုးနည်းဖြင့်လည်းကောင်း၊ ပျိုးထောင်၍ လက်စိုက် (သို့မဟုတ်) ကောက်စိုက်စက်များဖြင့် စိုက်ပျိုးရန် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်း ပျိုးထောင်စိုက်ပျိုးနေမှုအခြေအနေများနှင့် စိမ်းစိုမြေဩဇ ာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ စိုက်ကွင်းသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)