Main menu

လေးမျက်နှာမြို့နယ်၊  ခမောက်စုကျေးရွာဈေးမှ ကုန်မျိုးစုံဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် (၁၉.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာဈေးတွင် ရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်များတွင် ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များ ပါဝင်မှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စစ်ဆေးရမည့် ကုန်စည်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များနှင့် အညီဖော်ပြထားခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း မပြည့်စုံသော ကုန်စည်များကို ရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေ ပုဒ်မ(၇၃)အရ အရေးယူခံ ရမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)