Main menu

ပဲခူးမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပဲခူးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို Talk Show အစီအစဉ်ဖြင့်ကျင်းပပြုလုပ်၍   အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါ ဟောပြောပွဲ၌ မြို့နယ်တာဝန်ခံက စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အဓိပ္ပါယ်တို့ကိုရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ လုပ်ငန်းတာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။  စားသုံးသူအခွင့်အရေး (၈) ချက်တွင်ပါဝင်သော စားသုံးသူများ၏ရပိုင်ခွင့်များ၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မှုများ၊ ပြန်လည်ကုစားနိုင်သည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးမြို့နယ်အနေဖြင့် လက်ရှိလုပ်ကိုင်လျက်ရှိသော အသိပညာပေးဟောပြောပွဲများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပုံများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

      စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ချစ်ချစ်သန်းတို့လည်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)