Main menu

အစိုးရနည်းပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း”

Powered by Drupal

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌  “စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အစိုးရနည်းပညာ အထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၉၂) ဦးတက်ရောက်ခဲ့ပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရသည့်ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာ၀န်များ၊ လုပ်ငန်းရှင်၏တာ၀န်များ၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံထားမှုအ‌ပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံထားမှုအ‌ပေါ်  စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန်တာဝန်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www. doca. gov. mm ၌လည်းတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ DOCA Myanmar Application အား playstore တွင် download ရယူ၍ ထို Application မှတစ်ဆင့်လည်းတိုင်ကြားနိုင်ကြောင်း၊ Hotline Number (1535) ကိုလည်းတိုင်ကြားနိုင်ကြောင်း ရှင်းလင်းဟောပြောနွေးခဲ့ပါသည်။ မိတ္ထီလာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ စာပေဌာနမှူး ဆရာကြီးဦးမိုးဇော်ထွန်းက ယခုကဲ့သို့ လာရောက်ဟောပြောသည့်အတွက် ဆရာ/ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများစွာရရှိသည့်အတွက် ကျေးဇူးတင်စကားပြောခဲ့ပြီး ဟောပြောပွဲကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)