Main menu

ကျိုက်လတ်မြို့နယ်၊ ရေယာဉ်ပိုင်ရှင်များအသင်းနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ရေယာဉ်ပိုင်ရှင်များအသင်းနှင့် ( ၂၄-၁-၂၀၂၄ ) ရက်နေ့၊  နံနက် ( ၁၁:၀၀ ) နာရီအချိန်တွင်  အမှတ် (၃)  ရပ်ကွက်၊ အောင်မြင့်မိုရ်ဈေးရှိ ရေယာဉ်ပိုင်ရှင်များအသင်းရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် အသင်းဥက္ကဋ္ဌ ဦးအောင်ဇော်က ရေယာဉ်ပိုင်ရှင်များအသင်းကို (၂၅-၃-၁၉၉၄) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အလုပ်အမှုဆောင်(၇)ဦး၊ အသင်းသား (၈၄၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရာ အလုပ်အမှုဆောင် ( ၇ ) ဦး၊ အသင်းသား (၁၀၀)ဦးတို့ပါဝင်သော   အသင်း၌ အသင်းဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်က ပြန်လည်တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ရေယာဉ်လိုင်စင်သက်တမ်းကုန်သောလိုင်စင်များကို သက်တမ်းတိုးပေးခြင်း၊ လိုင်စင်မဲ့များအား လိုင်စင်ပြုလုပ်ပေးခြင်း၊  ရေယာဉ်ကြံခိုင်မှု၊ ကုန်စည်တင်ဆောင်မှု၊ ရေယာဉ်လိုင်းပိုင်မရှိသော ရေယာဉ်များအားလိုင်းပိုင်ရရှိရေး၊  ရေယာဉ်လမ်းကြောင်းတူညီသော ရေယာဉ်များအား အသင်းဖွဲ့စည်းနိုင်ရေး၊ ရေယာဉ်များတွင် မဖြစ်မနေထားရှိရမည့် မီးသတ်ဆေးဘူး၊ သက်ကယ်ဘောကွင်းများ၊ သက်ကယ်ဝတ်စုံများရရှိနိုင်ရေး၊  ရေယာဉ်အသင်းများအနေဖြင့် ရှေ့ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျေးရွာများအထိ ရေယာဉ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံက ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)