Main menu

ဆန်တန်ချိန် ၅ သိန်းအား တင်ဒါစနစ်ဖြင့် အင်ဒိုနီးရှားဝယ်ယူ

Powered by Drupal

   အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော်ဝယ်ယူရေး အေဂျင်စီဖြစ်သော Bulog အဖွဲ့သည် ဆန် တန်ချိန် ၅သိန်းကျော်ကို နိုင်ငံတကာတင်ဒါခေါ်ယူလျက် ဝယ်ယူခဲ့ရာ တနင်္လာနေ့တွင် တင်ဒါပိတ် သိမ်းခဲ့ကြောင်း ဥရောပကုန်သည်များက ရိုက်တာသတင်းဌာနသို့ ဇန်နဝါရီလ ၃၀ ရက်နေ့၊ အင်္ဂါ နေ့တွင် ပြောကြားခဲ့သည်။

    စုစုပေါင်းဆန်တန်ချိန် မည်မျှဝယ်ယူခဲ့သည်ကို ရှင်းလင်းစွာ မသိရှိရသော်လည်း ဆန်တန် ချိန် ၄၇၀၀၀၀ ခန့်ကို ဝယ်ယူပြီးစီးဖွယ်ရှိပြီး ကျန်ရှိသော ဆန်တန်ချိန်အတွက် ဆက်လက်ညှိနှိုင်း ဝယ်ယူလိမ့်မည်ဟု ကုန်သည်များက ခန့်မှန်း ပြောဆိုခဲ့ကြသည်။ ဆန်တန်ချိန်ဝယ်ယူမှု အများစုသည် ဗီယက်နမ်နိုင်ငံမှဖြစ်ပြီး ကျန်ပမာဏအချို့ကို ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ဝယ်ယူခဲ့သည်ဟု အဆိုပါကုန်သည်များက ခန့်မှန်းထားကြကြောင်း သိရှိရသည်။

   ဗီယက်နမ်နိုင်ငံထံမှ ဝယ်ယူမည့်ဆန်များအနက် အနိမ့်ဆုံးဆန်ဈေးနှုန်းမှာ သင်္ဘောတင်စရိတ်နှင့် သယ်ယူပို့ဆောင်ခအပါအဝင် Cost and Freight (C&F) ဈေးနှုန်း ၁ တန်လျှင် ၆၄၈ ဒေါ်လာနှုန်းဟု ခန့်မှန်းရပြီး ပမာဏအများအပြားသည် C&F ဈေးနှုန်း ၁တန်လျှင် အမေရိကန် ဒေါ်လာ ၆၅၃ မှ ၆၆၀ အကြားဖြင့် ဝယ်ယူခဲ့သည်ဟု သိရှိရသည်။ ယခုသတင်းတင်ပြချက်မှာ ကုန်သည်များ၏ ပြောဆိုမှုကိုသာထင်ဟပ်မှုရှိပြီး ဆန်ဈေးနှုန်းနှင့် ပမာဏများ၏ ခန့်မှန်းချက်များကို နောက်ပိုင်းမှသာ သိရှိနိုင်မည်ဖြစ်ကြောင်းဖြင့် ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: NASDAQ, 30 January 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)