မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါလ ၂၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ သာစည်မြို့ပေါ်ရှိ ဆေးဆိုင် (၁၀) ဆိုင်သို့သွားရောက်၍ တရားဝင်မှတ်ပုံထားခြင်းမရှိသော တရားမဝင်ဆေးဝါးများကို စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များ၌ တရားမဝင်ဆေးဝါးများကိုရောင်းချမှုမရှိကြောင်းတွေ့ရှိရပြီး မြို့နယ်တာဝန်ခံက တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများကို ရောင်းချမှုမပြုလုပ်ကြရန် ဆေးနှင့်ဆေးဝါးများရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့မှုကိုသိရှိရပါသည်။
DOCA(မန္တလေး)