ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သာယာဝတီမြို့နယ်၊ စည်ပင်သာယာရေး အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၂၄.၁.၂၀၂၂) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် သာယာဝတီ ဈေးကွက်အတွင်း ရောင်းချနေသော စားအုန်းဆီများ၊ ဟင်းရွက်ဆီများနှင့်ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိ၊ထုတ်ကုန်လုံခြုံ စိတ်ချရမှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးနှင့် အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိ တို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေး၍ လုပ်ငန်းရှင်များအား စားသုံးဆီများနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြစေရေး၊ မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားများဖြင့် ဖော်ပြရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)