စားသုံးသူရေးရာဦးစီးဌာန ပဲခူးခရိုင်ဦးစီးမှူး ဦးစိုးမိုးမှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် နှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၆.၁.၂၀၂၂ ရက်နေ့ တွင် ပဲခူးမြို့ပေါ်ရှိ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံပြီးဆွေးနွေး ခဲ့ကြပါသည်။
အဆိုပါ အဖွဲ့သည် စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ (Vegetable Oil , Cooking Oil) အမျိုးအမည်ဖော်ပြထားသော စားသုံးဆီများအား စားအုန်းဆီ (သို့မဟုတ်) အဆင့်မြင့် စားအုန်းဆီ ဟူ၍ ပြန်လည်ပြင်ဆင်ရောင်းချသွားရန်နှင့် အလေးချိန်များကိုလည်း မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားတို့ဖြင့် ဖော်ပြပေးရန်တို့ကို လည်းကောင်း၊ စားသုံးဆီများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်အညီ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူး သွားရန် နှင့် စားသုံးသူကာကွယ်ရေးဉပဒေပါ ပြဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြီး နောက် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)