Main menu

ယုဇနဥယျာဉ်မြို့တော်ဈေးအတွင်းရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဌာနခွဲစာရေး ) နှင့် ဝန်ထမ်း (၂) ဦးတို့သည် (၂၄-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀ ) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်ဈေးအတွင်းရှိ စားသောက်ကုန်နှင့်လူသုံးကုန်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်ညွှန်း အမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာစေလိုကြောင်းနှင့် ဈေးအတွင်းရှိ စားသောက်ကုန်နှင့် လူသုံးကုန်များကိုစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိကြောင်းတွေရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)