Main menu

သနပ္ပင်မြို့နယ်အတွင်းရှိ စားအုန်းဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း (ဦးစီးမှူး) နှင့် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သနပ္ပင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ သနပ္ပင်ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ သနပ္ပင်မြို့ရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် သနပ္ပင်မြို့၊ ဈေးအတွင်းနှင့် ဈေးပြင်ပရှိ ရပ်ကွက်ကုန်စုံဆိုင်များတွင်ရောင်းချသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကိုလည်းကောင်း၊ စားသုံးဆီဘူးများပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိတို့ကိုလည်းကောင်း စစ်ဆေးခဲ့ပြီးနောက် ဌာနအနေဖြင့် ရောင်းချသူများအား ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်အတွက် ညွှန်ကြားချက်များကိုပြောကြားခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ပဲခူး)