Main menu

လားရှိုးမြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ( ၅ ) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် လားရှိုးမြို့မဈေးထဲရှိ ဆေးဆိုင် (၁၁) ဆိုင်၌ တရားမဝင်ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိနှင့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များ၌ တရားမဝင်ဆေးဝါးများရောင်းချနေခြင်းမရှိကြောင်းနှင့် ကုန်ဈေးနှုန်းများမြှင့်တင်ရောင်းချနေခြင်းမရှိကြောင်းတွေ့ရှိရပြီး ဒုတိယပြည်နယ်ဦးစီးမှူးက တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်နှင့် ကုန်ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ ဆေးနှင့်ဆေးပစ္စည်းများရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သက်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရောင်းချကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရှမ်း)