Main menu

အထူးဈေးနှုန်းဖြင့် ရောင်းချနေသော စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၇.၁.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ စက်သုံးဆီ (ဒီဇယ်ဆီ) များအား အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေသော MMTM (မြတ်မေတ္တာမွန်) ဆီဆိုင်သို့သွားရောက်၍ ဈေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ စစ်ဆေးရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်အနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ (ဒီဇယ်ဆီ) များအပေါ် သက်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ (၂၀) လီတာဝင် စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)