Main menu

ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၉.၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်အတွင်းရှိ လင်းလက်ဆေးဆိုင်နှင့် စိန်ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာ ဆေးဈေးနှုန်းများအနေဖြင့် ယခင်လနှင့်ယခုလနှိုင်းယှဉ်လျှင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းအနည်းငယ်ပြောင်းလဲလျက်ရှိကြောင်းသိရှိရပြီး ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)