Main menu

တောင်ငူခရိုင်ဦးစီးမှူးရုံးတွင် “စားသမျှ၊သောက်သမျှတို့ လုံခြုံဘေးကင်းကြစေဖို့” ခေါင်းစဉ်ဖြင့် Thursday Talk အစီအစဉ် ကျင်းပပြုလုပ်

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်မားစေရန် ဗဟုသုတတိုးပွားစေရန်နှင့်HRကဏ္ဍတိုးတက်မြင့်မားစေခြင်း၊ ဦးစီးဌာန၏ လုပ်ငန်း များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ “Thursday Talk” အခမ်း အနားကို ၄.၉.၂၀၂၆ ရက်နေ့ မွန်းလွဲ ၁၃:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ  ဦးဉာဏ်လင်းဟိန်း အငယ်တန်းစာရေးက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင်  ပါရှိသည့် စားသမျှ၊သောက်သမျှတို့ လုံခြုံဘေးကင်းကြစေဖို့” ခေါင်းစဉ်ဖြင့် စားသုံးသူပြည်သူများ နေ့စဉ်အသုံးပြု/စားသုံးနေရသောရေနှင့် အစားအစာတို့ ကျန်းမာရေးနှင့်ညီညွတ်ရန် ဘေးကင်းလုံခြုံ ရန် လိုအပ်ကြောင်း၊စားသောက်ဖွယ်ရာတို့ ဘေးကင်းလုံခြုံရေးဟူသည် စတင်ထုတ် လုပ်သည့်နေရာ မှ စားသုံးသူ၏ စားပွဲပေါ်သို့ ရောက်ရှိသည်အထိ ကွင်းဆက်တစ်လျှောက်လုံးတွင် ကောင်းမွန်သော အလေ့အကျင့်များဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်း၊စားသောက်ဖွယ်ရာ များ ဘေးကင်းလုံခြုံရေး၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးသည် ထုတ်လုပ်သူများ၊ သယ်ယူပို့ ဆောင် ဖြန့်ဖြူးသူများ၊ရောင်းချသူများက ဥပဒေစည်းမျဉ်းစည်းကမ်း စံချိန် စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်မှု၊ မိမိ၏အလုပ်နှင့် စားသုံးသူပြည်သူများအပေါ် စေတနာထား လုပ်ကိုင်မှု တို့အပေါ်တွင် တည်ရှိနေခြင်း၊ ထုတ်လုပ်သူ၊ သယ်ဆောင်ရောင်းချသူများနှင့် စားသုံးသူများပါ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးတွင် ရှောင်ကြဉ်၊ လိုက်နာသင့်သည်များကို အစားအစာ လုံခြုံဘေးကင်းကြစေကြောင်းစသည့် အကြောင်းအရာများအား ဟောပြောဆွေးနွေး ခဲ့ရာ ဟောပြော ဆွေးနွေးချက်များအပေါ် ဒုတိယ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက အပြန်အလှန် ဆွေးနွေးပေးခဲ့ကြပြီး “Thursday Talk” အစီအစဉ် ကျင်းပခြင်းကို (၁၅:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ပဲခူး)