Main menu

မင်းဘူးမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်းဘူးမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား (၅-၂-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် မင်းဘူးခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်း(လက်ထောက်ညွှန်ကြားရေးမှူး) နှင့်ဝန်ထမ်းများသည် မင်းဘူးမြို့မဈေးအတွင်းရောင်းချနေသော ဆေးဆိုင်(၃)ဆိုင်သို့သွားရောက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများပူးပေါင်းကာ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် အရေးကြီးကုန်စည်ဖြစ်သည့် ကျန်းမာရေးသုံးပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ ဈေးပြင်ပတွင်ရှိသော ဇင်ဂိုလ်ဆေးနှင့် ဆေးပစ္စည်းဆိုင်၊ အာရောဂျံဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ရောင်းချနေသည့်ဈေးနှုန်းစာရင်းများကိုကောက်ခံ၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်လိုအပ်ကြောင်း အသိပညာပေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)