Main menu

ကံမမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ပေးအပ်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးရွာများတွင် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ပေးအပ်ပွဲအခမ်းအနားကို(၂၈-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင်  ထန်းကောက်‌ကျေးရွာအုပ်စု၊ ထန်းကောက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ သရက်ခရိုင်စီမံအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ နွေစပါးစိုက်ပျိုးမည့် တောင်သူများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

     အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးမှူးက တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က နွေစပါးလျာထားဧကအတိုင်း အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ တဧကလျှင် စပါးတင်း (၁၅၀)ထွက်ရှိရေး၊ ဆာဖိုးသာစပါးမျိုးကို ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ စပါးအထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ စိုက်တမံ၏အင်္ဂါရပ်များနှင့်အညီ စိုက်ပျိုးနိုင်ရေး၊ အတန်းလိုက်စိုက်ပျိုးနိုင်‌ရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတွဲဖက်အသုံးပြုနိုင်ရေးတို့အတွက် ဆောင်ရွက်ထားရှိသည့် အစီအမံများကိုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

      ထို့နောက် သရက်ခရိုင်စီမံအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စုအလိုက် နွေစပါးစိုက်ပျိုးမည့် တောင်သူများလက်ဝယ်သို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) များပေးအပ်ခဲ့ပါသည်။ ကံမမြို့နယ်၊ မ‌ဒေးဆည်ရေသောက်ဧရိယာအတွင်း နွေစပါးဧက (၁၇၂၇)ဧကနှင့် ခြောက်ထောင့်ဆိုလာလျှပ်စစ်ရေတင်ဧရိယာအတွင်း ဧက(၁၀၀)ဧက၊ စုစုပေါင်းဧက (၁၈၂၇)ဧကလျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မကွေး)