မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်၊ သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကံမမြို့နယ်၌ (၁-၂-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို အများပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်းသိရပါသည်။
ထိုသို့ရောင်းချပေးရာတွင် စားအုန်းဆီပိဿာ (၅၅၀)အား ကံမမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများသို့ (၁)ပိဿာလျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် ကာလပေါက်ဈေးထက် ဈေးသက်သာစွာရောင်းချပေးခဲ့ကြောင်း၊ ရောင်းချပေးမှုအား ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)