စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းတို့သည် (၅-၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးစီးသောအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ ကမ်ပိန်း (Campaign) ပြုလုပ်ရာတွင် ကြွပ်ကြွပ်အိတ်အစား အင်ဖက်များ၊ ငှက်ပျောဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ နံနက်(၀၈:၀၀)နာရီအချိန်တွင် သရက်ခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနပါဝင်အဖွဲ့စုံဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးရည်ရွယ်၍ ကံမမြို့၊ အမှတ် (၁/၂/၃/၄) ရပ်ကွက်များရှိ ကုန်စုံဆိုင်(၇)ဆိုင်၌ ဌာနဆိုင်ရာများ၏ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် ဇော်ဂျီအမှတ်တံဆိပ် ဆေးမန်ကျည်း၊ မောင်ကျန်တတို့အမှတ်တံဆိပ်ပါ သစ်သီးယိုစုံအတို့မှုန့်နှင့် ရှောက်ချိုမွှေးတို့အား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး၊ ဈေးကွက်လက်ကျန်မရှိစေရေး ကုန်စုံဆိုင်ပိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး နောင်တစ်ကြိမ်စစ်ဆေးဆောင်ရွက်သည့်အခါ အဆိုပါကုန်စည်များကိုတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲများပါရှိသောကုန်စည်များကိုသာ ဈေးကွက်အတွင်း အလေးထားဖြန့်ဖြူးရောင်းချစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)