Main menu

အထက်မင်းလှမြို့နယ်၌ ဖူးစားပြောင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ် ကျေးရွာ၌ ဖူးစားပြောင်း(ခေါ်) သကြားပြောင်းနှင့် ပြောင်းစီးများ ဈေးကောင်းရရှိကာ ပြောင်းစိုက် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

          ဥယျာဉ်ကျေးရွာတွင် ဖူးစားပြောင်းစိုက်ဧကမှာ(၃၀)ဧကရှိပြီး စိုက်တောင်သူမှာ(၂၅)ဦးခန့်ရှိ ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်တုံးဖြင့်ကြောင်းဆွဲပြီး တစ်ပေခန့်စီခြားကာ မျိုးစေ့ချ၍ စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ မိမိအနေဖြင့် သကြားပြောင်းနှင့် ပြောင်းစီးကိုရော၍ (၂)ဧကခန့်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးစဉ်တလျှောက် မြေအောက်ရေဖြင့် ရေ(၆)ကြိမ်သွင်းပေးရကြောင်း၊ တန်ဆောင်းမုန်းလဆန်း တွင် စတင်စိုက်ပျိုးပြီး တပို့တွဲလတွင်ခူးဆွတ်ကြောင်း၊ ပြောင်းမျိုးဈေးနှုန်းအနေဖြင့် ထိုင်းမျိုး ဖြစ်သော ပြောင်းစီးမျိုး(၁)ဘူးလျှင် ကျပ်(၃၅၀၀၀)၊ သကြားပြောင်းမျိုး(၁)ဘူးလျှင် ကျပ်(၄၃၀၀၀) ဖြင့် အထက်မင်းလှမြို့ စိုက်ပျိုးရေးဆေးဆိုင်များမှဝယ်ယူကြောင်း၊ သကြားပြောင်းမျိုး(၁)ဘူးတွင် မျိုးစေ့မှာ (၃၀၀၀)နီးပါးပါဝင်ပြီး ပြောင်းစီးမျိုးတစ်ဘူးလျှင် မျိုးစေ့(၁၇၀၀ မှ ၁၈၀၀)ထိပါဝင် ကြောင်း၊ (၁)ဧကစိုက်လျှင် သကြားပြောင်း မျိုး(၅)ဘူးမှ (၆)ဘူးအထိကုန်ကျပြီး ပြောင်းစီးမှာ မျိုး(၇)ဘူးမှ(၈)ဘူးအထိ ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် အဖူးရေ(၁၂၀၀၀) ထိထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိုးခ၊ အပင်စိုက်ခ၊ မြေပြုပြင်ခ၊ မြေအောက်ရေတင်ရန် ဓါတ်ဆီခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၄၀၀၀၀၀ မှ ၄၅၀၀၀၀) ထိကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ပေါ်ဦးပေါ်ဖျားအချိန်တွင် အဓိကအဖူး‌ချောလျှင် တစ်ဖူးလျှင် ဖောက်သည်ဈေး ကျပ်(၃၅၀)ဈေးရရှိသော်လည်း ပြောင်းဖူးခင်းများ လှိုင်လှိုင်ထွက်ရှိသည့်အချိန်တွင် တစ်ဖူးလျှင် ကျပ်(၂၇၀)ဈေးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး တွင် ဖောက်သည်ပေးရောင်းချသည့်အပြင်  မြို့အနီး မလွန်ဘက်စုံရှိ ပြောင်းဖူးဝယ်ယူသည့်ဒိုင်သို့ လည်း တင်သွင်းရောင်းချကြောင်း၊ ပြောင်းသီးနှံမှာ အရင်းအနှီးကုန်ကျငွေနှင့် ဆတူအမြတ်ငွေ ပြန်လည်ရရှိတက်သောသီးနှံဖြစ်၍ ပြောင်းစိုက်တောင်သူများအတွက်လည်း အကျိုးအမြတ်ရရှိသော သီးနှံတစ်မျိုးပင်ဖြစ်ပါကြောင်း ဥယျာဉ်ကျေးရွာနေ ပြောင်းစိုက်တောင်သူ ဦးဇော်အောင်ထံမှ သိရှိရ ပါသည်။

DOCA(မကွေး)