Main menu

ဟောပြောပို့ချရမည့် စားသုံးသူများအပေါ်မူတည်၍ စားသုံးသူအသိပညာပေးဟောပြောပို့ချနည်းသင်တန်းကျင်းပ

Powered by Drupal

    ဟောပြောပို့ချရမည့် စားသုံးသူများအပေါ် မူတည်၍ စားသုံးသူအသိပညာပေးဟောပြောပို့ချနည်းသင်တန်းကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသားဦးရေ (၁၆)ဦးတက်ရောက်ခဲ့ပြီး သင်တန်းမစတင်မီ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဝန်ထမ်းများ၏ ဟောပြောပို့ချနိုင်စွမ်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် ရှေ့ဆက်၍လည်း ယခုကဲ့သို့ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရွှေဖြူ၊ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါက်တာသရဖီထွန်း၊ ဒေါ်သင်းရည်မွန်ဟန်တို့က ဟောပြောပို့ချရမည့် စားသုံးသူများအပေါ်မူတည်၍ စားသုံးသူအသိပညာပေးဟောပြောပို့ချနည်းများကို သင်တန်းသား/ သင်တန်းသူများအား သင်ကြားပို့ချခဲ့ကြပြီး သင်တန်းအခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)