Main menu

ရွှေဘိုခရိုင်အတွင်းဖြစ်ပေါ်လျက်ရှိသောစားသုံးဆီဈေးနှုန်းများအခြေအနေ

Powered by Drupal

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဖေဖော်ဝါရီလ ပထမပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

     ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဇန်နဝါရီလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၅၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဖေဖော်ဝါရီလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၇၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ပဲဆီသန့် တစ်ပိဿာလျှင်  (၁၀၀၀)ကျပ် ၊စားအုန်းဆီ တစ်ပိဿာလျှင် (၂၀၀)ကျပ် ဈေးနှုန်း မြင့်တက်ခဲ့ပြီး နှမ်းဆီသန့် ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)