Main menu

ကန့်ဘလူမြို့ ကြက်သွန်နီဈေးကွက်တွင် ဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော်လည်း ကြက်သွန်နီစိုက်ပျိုးသူများ အလွန်နည်းပါးကြသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီဥများမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  မုံရွာခရိုင်၊ကန့်ဘလူခရိုင်နှင့် အနီးတဝိုက်ဒေသများမှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှလည်းကောင်းမှာယူ၍ ပြန်လည်ရောင်းချကြောင်း  သိရသည်။

     ယခုအခါ ကြက်သွန်နီများလှိုင်လှိုင်ထွက်ရှိနေသောကြောင့် ဈေးကွက်အတွင်းကုန်စ္စည်း အများအပြားဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းများကျဆင်းလာရာ မြစ်သားကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ၊ ကန့်ဘလူခရိုင်နှင့် အနီးတဝိုက်ဒေသများမှ ထွက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀၀ မှ ၂၅၀၀ ခန့်သာရှိသောကြောင့် ယခင်ဇန်နဝါရီလနှင့် နှိုင်းယှဉ်လျှင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၅၀၀ ခန့်ဈေးနှုန်းပြန်လည်ကျဆင်းလာကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)