Main menu

ကန့်ဘလူခရိုင်တွင် မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များ ဈေးနှုန်းပြန်ကျ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များ ပေါများစွာရောင်းချနေကြသည်။ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် စိုက်ပျိုးကြပြီး ယခုအခါ ခူးဆွတ်ရောင်းချလာသောကြောင့် ဈေးကွက်အတွင်း စားသုံးသူများအတွက် ဈေးနှုန်း ကျဆင်းလာသည်။ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်စိုက်ပျိုးသူများအနေဖြင့် ကန့်ဘလူမြို့မဈေးရှိ ကုန်စိမ်းရောင်းချသည့် ဈေးသည်များအား ဖောက်သည်ဈေး ပန်းမုံလာ တစ်ပွင့်လျှင် ၃၅၀ ကျပ်မှ ၄၀၀ ကျပ်နှင့် မုန်လာထုပ် တစ်ထုပ်လျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဖြင့်ရောင်းချရပြီး စားသုံးသူများအား ပြန်လည်ရောင်းချရာတွင် ပန်းမုံလာ တစ်ပွင့်လျှင် ၅၀၀ကျပ်မှ၇၀၀ကျပ်နှင့် မုန်လာထုပ် တစ်ထုပ်လျှင် ၇၀၀ ကျပ်မှ ၉၀၀ ကျပ်ဖြင့် အသေး၊အကြီးပေါ်မူတည်၍ ရောင်းချနေကြောင်းနှင့် ယခင်ဇန်နဝါရီလနှင့် နှိုင်းယှဉ်မည်ဆိုပါက ဈေးနှုန်းကျဆင်းလာကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)