စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်း များသည် PPRD က ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိအခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။
ထိုသို့ တင်ပြမှုများဆောင်ရွက်လျက်ရှိရာ (၃-၂-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဗိုလ်တထောင်ခရိုင်အတွင်း တာဝန်ကျဝန်ထမ်းများက မင်္ဂလာတောင်ညွန့်မြို့နယ်၊ အတွင်းရှိ ၃၆၀ဒီဂရီစက်သုံးဆီဆိုင်၊ New Day စက်သုံးဆီဆိုင်နှင့် Star Hight စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်များသို့သွားရောက်၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံကာ PPRD မှထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိစစ်ဆေးခဲ့ရာ ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း၊ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၇၆၅ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာလျှင် ၂၈၉၀ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂၅၅၅ကျပ်၊ အဆင့်မြင့်ဒီဇယ်ဆီ တစ်လီတာလျှင် ၂၆၀၀ကျပ်တို့ရှိခဲ့ရာ ဆီဈေးနှုန်းတင်ထားသည့် Ledboard များကိုပါစစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။
DOCA(ရန်ကုန်)