Main menu

ပုဇွန်တောင်မြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်   (၇-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်   ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးနှင့် ဈေးပတ်ဝန်းကျင်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါ ပုဇွန်တောင်ဈေးနှင့်ဈေးပတ်ဝန်းကျင်ရှိ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်ခြင်းရှိ/မရှိနှင့် ဆေးဈေးနှုန်းများအဆမတန်မြင့်တင်ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ဆေးဝါးပြတ်လပ်ခြင်းမရှိကြောင်းနှင့် ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိဘဲ ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းစိစစ်တွေ့ရှိခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် အခန်း (၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ လက်ခံရောင်းချရမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)