သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်မှကြီးမှူး၍ အခြေခံစက်ချုပ်သင်တန်းအား ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူအင်းကျေးရွာတွင် (၇-၂-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၁:၄၅)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမအုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ သင်တန်း၌ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီ ဦးစိုင်းကြည်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြင်ဦးလွင်ခရိုင်၊ စားသုံးသူဦးစီးဌာန၊ ခရိုင်တာဝန်ခံကလည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူတို့၏တာဝန်၊ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံစက်ချုပ်သင်တန်းသို့တက်ရောက်လာသော သင်တန်းသား/သင်တန်းသူ (၂၀)ဦးအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)