စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သီတာဖြိုး(အငယ်တန်းစာရေး)သည် (၉-၂-၂၀၂၄) ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုခန်းမ၌ အောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၃၀)ဦးနှင့် ဆရာ/ဆရာမ(၄)ဦး၊ စုစုပေါင်း (၃၄)ဦးအား ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ပြည်ထောင်စုနေ့အကြိုသိကောင်းစရာများအသိပညာပေးပြောကြားခဲ့ပြီးဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သီတာဖြိုး (အငယ်တန်းစာရေး) က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ သိရှိလိုက်နာရမည့်အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရန်နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm တွင်လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုကိုသိရှိရပါသည်။
DOCA(ကချင်)