စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးနှင့် တာဝန်ရှိဝန်ထမ်းများသည် (၈-၂-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ ဇေယျတုသောက်ရေသန့်လုပ်ငန်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူသွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရေသန့်လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို မေးမြန်းစစ်ဆေးဆောင်ရွက်ခဲ့သည်။ ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားနင့်ပတ်သက်၍ စစ်ဆေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စစ်ဆေးခြင်း၊ တားမြစ်ချက်များ၊ သောက်ရေသန့်ထုတ်လုပ်သည့် စက်ရုံအတွင်း/ပြင်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ အသုံးပြုသောသောက်ရေသန့်ဘူးခွံများသန့်ရှင်းမှုရှိစေရေး၊ ကောင်းမွန်သောထုတ်လုပ်မှုစနစ်နှင့်အညီ ထုတ်လုပ်စေရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)