![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/111_10.jpg?itok=E5I2m4Ml)
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး/ မွေးမြူထုတ်လုပ်သူများအနေဖြင့် ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့၌ သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။
ထိုသို့ရောင်းချပေးခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်များကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၅၉၀၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများအဆင်ပြေစေရန်အတွက် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်၊ ဆန်(၂၄)ပြည်ဝင်အိတ် (၂၅) အိတ်၊ ကြက်ဥ (၅) လုံးပါတစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ကြက်ဥအလုံး (၂၇၀၀)လုံး၊ ငုံးဥ ( ၁၆ ) လုံးပါတစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ အလုံး( ၃၀၀၀ )နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)