Main menu

ပခုက္ကူကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ(ပထမပတ်)၌ ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် သီးနှံစုံများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲမျိုးစုံနှင့်နှမ်းမျိုးစုံ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏စီးပွားရေးအချက်အချာကျပြီး နယ် ပေါင်းစုံမှထွက်ရှိသော သီးနှံမျိုးစုံကုန်စည်ဒိုင်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပခုက္ကူကျွန်းရွာများအပြင် ယောနယ်ဒေသ၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မြင်းခြံမြို့နယ်များနှင့် မြောက်ဘက်တွင် မြိုင်မြို့နယ်၊အရှေ့မြောက်ဘက်တွင် ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ပုလဲနယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများမှာ ပဲစဉ်ငုံနီ၊ ပဲယင်းဝါ၊ ပဲယင်းနီနှင့် နှမ်းမျိုးစုံတို့ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ပဲမျိုးစုံဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင်  ကျပ်(၁၂၆၈၀၀)၊ ပဲယင်းနီ တစ်တင်းလျှင် ကျပ်(၇၅၃၀၀)၊ မတ်ပဲတစ်တင်းလျှင် ကျပ်(၁၀၂၅၀၀)၊ ပဲယင်းဝါ တစ်တင်းလျှင် ကျပ်(၅၈၅၀၀)၊ နေလဲစေ့ တစ်ပိဿာလျှင် ကျပ်(၈၂၀၀) ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ နေ့စဉ် ပဲစဉ်းငုံနီ အိတ်ရေ (၇၀၀)မှ (၂၃၀၀)ထိ၊ ပဲယင်းနီ အိတ်ရေ (၅၀)မှ (၅၀၀)၊ ပဲယင်းဝါ အိတ်ရေ (၁၀၀)မှ (၁၀၀၀)၊ မတ်ပဲ အိတ်ရေ(၅၀)မှ (၂၀၀)၊ နေလဲစေ့ ပိဿာချိန် (၁၀၀၀)မှ (၅၀၀၀)ထိဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။ တင်ပို့မှုအနေဖြင့် ကုန်လမ်းကြောင်း၊ ရေလမ်းကြောင်းတို့မှ ရန်ကုန်ဘုရင်နောင်ကုန်စည်ဒိုင်သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)