Main menu

ကျွန်းလှမြို့တွင် ဖေဖေါ်ဝါရီလ ဒုတိယပတ်၌ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၃၀၉၅)၊ ဓာတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၃၂၃၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတ လျှင် ကျပ်(၂၈၆၀)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၉၁၀)ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

   ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၃၀၀၀)၊ ဓာတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၃၁၄၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၈၂၅)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၈၈၀)ဖြင့်ရောင်းချသောကြောင့် ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92)တစ်လီတာလျှင် ကျပ်(၉၅)၊ ဓာတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၉၅)၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် ကျပ်(၃၅) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၃၀)စီ စသည်ဖြင့် ယခင်အပတ်ထက် ဈေးနှုန်းများအနည်းငယ်ပြန်လည်ကျဆင်းလျက်ရှိကြောင်းသိရှိပါသည်။

     ဇန်နဝါရီလ ဒုတိယပတ်နှင့် ဖေဖေါ်ဝါရီလ ဒုတိယပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက ဓာတ်ဆီ(92)တစ်လီတာလျှင် ကျပ်(၁၈၅)၊ ဓာတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၂၀၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်ကျပ်(၁၈၅) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၁၆၀) စီ ယခင်လ ပထမပတ်ထက် ဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကျွန်းလှမြို့၊ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)