Main menu

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ပြသခဲ့

Powered by Drupal

    (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲကို နေပြည်တော်၊ တပေါင်းကွင်း၌ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၄) ရက်နေ့ထိ (၅) ရက်တိုင်တိုင်ပြသခဲ့ရာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

   အဆိုပါပြခန်းပြသရာတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မွန်ပြည်နယ်ဒေသထွက် ဝဥနှင့်ကွမ်းသီးပြခန်းများကို ကြီးကြပ်ကွပ်ကဲပြသခဲ့ကြောင်းသိရှိရသည်။ အဆိုပါဝဥနှင့်ကွမ်းသီးမှာ ပြည်ပပို့ကုန်အလားအလာရှိသော ကုန်ပစ္စည်းများဖြစ်ပြီး ဝဥမှတစ်ဆင့် ဝဥခြောက်၊ ဝဥမှုန့်များထုတ်လုပ်ပြီး တရုတ်နှင့် ဂျပန်နိုင်ငံများသို့တင်ပို့ကြောင်း၊ ဝဥစိုမှထုတ်လုပ်သော ဝဥတုံးများကို ခေတ်မီဆန်းသစ်သော ထုပ်ပိုးမှုများဖြင့် ဈေးကွက်အတွင်းဖြန့်ချိလျက်ရှိကြောင်း၊ ဝဥမှ ဝဥခေါက်ဆွဲနှင့် ဝဥကြာဆံများကိုလည်း ထုတ်လုပ်နိုင်ကြောင်းသိရှိရသည်။

      ထို့ပြင် မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ရေးမြို့နယ်များမှထွက်ရှိသော ကွမ်းသီးခြောက်များကို အိန္ဒိယနိုင်ငံသို့တင်ပို့ရန် ကြိုးစားလျက်ရှိပြီး ကွမ်းသီးနုပေါင်းကုန်ကြမ်းများကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)