ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးဆီလုပ်ငန်းရှင်(၇) ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများကို စားသုံးသူပြည်သူများထံသို့ တိုက်ရိုက်ဖြန့်ဖြူးရာ၌ စနစ်တကျရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး၊ လက်လီ/လက်ကားရောင်းချသည့် ဆီလုပ်ငန်းရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် လိုက်နာဆောင်ရွက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့မှုကိုသိရှိရပါသည်။
DOCA(ဧရာဝတီ)