ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်ရှိ ဦးဇော်မင်းနိုင်၏ “ဖြိုး” ငါးရံ့ခြောက်ဖုတ်လုပ်ငန်းသို့သွားရောက်၍ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစိစစ်ရာတွင် လိုအပ်သောကုန်ကြမ်းများကို ရန်ကုန်နှင့်မအူပင်မှ အဓိကဝယ်ယူရရှိကြောင်း၊ ရရှိလာသောကုန်ကြမ်းများကို အသင့်စားသောက်နိုင်သည်အထိ အဆင့်ဆင့် ထုတ်လုပ်ရကြောင်း၊ လုပ်သားအင်အား (၆) ဦးဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပြီး တစ်ဦးလျှင် လုပ်ခလစာ တစ်သိန်းခွဲခန့်ပေးရပြီး ငါးရံ့ခြောက်ဖုတ်များကို ရန်ကုန်၊ နေပြည်တော်၊ မအူပင်၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေးနှင့် ကျန်ဒေသများသို့လည်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ခေတ်မှီစက်ကိရိယာများအပြင် မီးသွေးမီးဖိုကိုအဓိကထား၍ ထုတ်လုပ်ရကြောင်းနှင့် ပလတ်စတစ်အထုပ်သေး၊ အထုပ်ကြီးနှင့် ဘူးများဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး မြို့နယ်တာဝန်ခံက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း SMEs လုပ်ငန်းများတစ်နိုင်တစ်ပိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် မိမိတို့ဌာနအနေဖြင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုကိုသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)