စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်တင်တင်ဌေး (ရုံးအုပ်)၊ ဒေါ်ဖြူဖြူမြင့် (ဒုကြီးကြပ်ရေးမှူး)၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမြင့်ထွေး၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ ဈေးတာဝန်ခံ ဦးဝေဝင်းအောင်တို့သည် ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့တွင် တိုက်ကြီးနှင့်မှော်ဘီမြို့နယ်ရှိဈေးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် တိုက်ကြီးနှင့်မှော်ဘီမြို့နယ်မှ ကျန်းမာရေးဦးစီးဌာန၊ ဈေးတာဝန်ခံများနှင့် တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်များရှိ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးဖြစ်သည့် Similac, Gold Power, Pediasure, Dupro (1),DG-2 နှင့် စားသုံးဆီအမျိုးမျိုးဖြစ်သော ရွှေနန်းထိုက်၊ အမေထွား၊ ရန်ကုန်၊ ရွှေအုံ၊ Cook၊ Goody၊ Lotus၊ Sunar၊ Meizan၊ Yarthetpan အစရှိသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြပါရှိ ရရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီသည့် ကုန်စည်များကိုသာဝယ်ယူရောင်းချရန်လိုအပ်ကြောင်းအသိပညာပေးပြောကြားခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။
DOCA(ရန်ကုန်)